Friday, April 11, 2014

လော်ဘီ လော်လည် လှော်ဘီ ညှော်ကြမည်

11 April 2014 | ရဲဘော်ကျော်သန်း | နေ့သစ်

ပုံပြောကောင်းတဲ့ အန်ဂျီအို

လော်ဘီဆိုတာ ကိုယ့်ဘက်ပါအောင် ကိုယ်လိုတာပေါက်မြောက်အောင် ဟုတ်တာကော မဟုတ်တာကော ရောသမမွေပြီး မြူဆွယ်တရားဟောတဲ့ အင်္ဂလိပ်စကား Lobby ကိုပြောတာပါ။ အန်ဂျီအိုတွေ ငွေပေးပြီး ပုံပြောကြတယ်။ ရေဒီယိုတွေကပြောတယ်။ ဆီမီနာတွေကပြောတယ်။ အလုပ်ရုံဆွေးနွေးပွဲဆိုတာတွေက ပြောတယ်။ ဒါအတွက် သူတို့အမြတ်ထုတ်ရေးဈေးကွက်ထဲက ဘဝတွေကို လိုသလို

Thursday, April 10, 2014

တ ခါ က ဆဲ ဗင်း ဂျူ လိုင်

၁၉၉၂ ခုနှစ် ကျနော် အင်းစိန် သီးသန့်ထောင်မှာတုန်းကပါ။ ကျနော်က ၁ တိုက် နောက်ခြမ်း တိုက်ခန်းနံပတ် ၂၀ မှာပေါ့။ အင်းစိန်သီးသန့်ထောင်ရဲ့ တိုက်တွေပုံစံကို ပြောရရင် ရှေ့အခြမ်းမှာ ၁၂ ခန်း နောက်အခြမ်းမှာ ၁၂ ခန်းနဲ့ အလည်က အုတ်နံရံခြားပြီး ကျောကပ်တိုက်လို့ (ထောင်အခေါ်အရ) ခေါ်ပါတယ်။ ထောင်ထဲကိုရောက်တုန်းက ညအိပ်နေတဲ့အချိန် ခြေရင်းက နံရံကနေ တောက် တောက် ဆိုတဲ့ တခုခုက

သမီးလေးရွာသားတွေကို မဲဆောက်မြို့က လူမှုကူညီ စောင့်ရှောက်ရေး အဖွဲ့တွေဖြစ်တဲ့ ကျောင်းသားဆေးခန်း (မယ်တော်) နဲ့ SAW အဖွဲ့ သွားရောက်ကူညီ


Moe KYaw | 9 April 2014

ကရင်ပြည်နယ် မြ၀တီခရိုင် ကျောက်ခက်ကျေးရွာကို ဧပြီလ (၅) ရက်နေ့က ရောက်ရှိနေတဲ့ သမီးလေးကျေးရွာက မြေယာမဲ့ ဒုက္ခသည်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေကို မယ်တော်ဆေးခန်းက တာဝန်ရှိတဲ့ သူတွေနဲ့ SAW အဖွဲ့က ဒီကနေ့ ဧပြီလ (၉) ရက်နေ့မှာ သွားရောက် ကူညီခဲ့တယ်လို့ စုံစမ်းသိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်က သမီးလေးကျေးရွာသား (၂၀၀) ကျော်ဟာ DKBA ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့နဲ့ ဧပြီလ ၂ ရက်နေ့က လိုက်ပါခဲ့ကြတာဖြစ်ပြီး ကျောက်ခက်ကျေးရွာကို ဧပြီလ (၅) ရက်နေ့မှာ ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။

မဲဆောက်အခြေစိုက်

သ မီ း ေ လ း မွ ေ က် ာ က် ခ က် သို့


Moe KYaw | 8 April 2014

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ ဒေသခံစစ်တပ်က အိုးအိမ်တွေဖျက်စီးပြီး မြေတွေသိမ်းလိုက်လို့ အိုးအိမ်မဲ့ဖြစ်နေတဲ့ သမီးလေးကျေးရွာအပါအ၀င် ပြောင်းရွှေ့ခံထားရတဲ့ ကျေးရွာတွေက ရွာသူရွာသား (၃၀၀) ကျော်လောက်ကို နေထိုင်ခွင့်ပေးထားတဲ့ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် အလိုင်နီကျေးရွာ အောင်သိန္ဓိဘုန်းတော်ကြီးကျောင်းကို ဧပြီလ (၁) ရက်နေ့ ညပိုင်းမှာ ပဲခူးမြို့နယ် ဆည်မြောင်းဦးစီးဌာနက အလိုင်နီဆည်နယ်နိမိတ် အတွင်းမှာ ရှိတာကြောင့်

သမီးလေးရွာသားတွေကို ထိုင်း မြန်မာနယ်စပ် ကျောက်ခက်ရွာအရောက် သယ်ဆောင်လာခဲ့တဲ့ ဒီကေဘီအေ ဗိုလ်ဆန်းအောင် နဲ့ တွေ့ဆုံမေးမြန်း

သမီးလေးရွာသားတွေကို ထိုင်း မြန်မာနယ်စပ် ကျောက်ခက်ရွာအရောက် သယ်ဆောင်လာခဲ့တဲ့ ဒီကေဘီအေ ဗိုလ်ဆန်းအောင် ကို ဧပြီလ ၅ ရက်နေ့က တွေ့ဆုံ မေးမြန်းထားတာ ဖြစ်ပါတယ်

ဧပြီလ ၂ ရက်နေ့က နေထိုင်စရာ အခက်အခဲဖြစ်နေတဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်က သမီးလေးကျေးရွာသားတွေကို ဒီကေဘီအေ တပ်ဖွဲ့မှ ထိုင်းမြန်မာနယ်စပ်မှာ နေရာထိုင်ခင်းပေးဖို့ သွားရောက် ခေါ်ဆောင်ခဲ့ပါတယ်။ အိမ်ထောင်စု ၈၂ စု လူဦးရေ ၂၀၁ ဦးပါတဲ့ ရွာသားတွေကို သယ်ဆောင်လာရာ ခရီးစဉ်တလျောက် ရန်ကုန်တိုင်း ၊ ပဲခူးတိုင်း ၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် စတဲ့ ဒေသတွေကို ဖြတ်သန်းလာခဲ့ရာမှာ

အိမ်ဖေါ်ပေးလုပ်ဖို့ မဟုတ်ဘူး


ပြီးခဲ့တဲ့ ၂ ရက်နေ့က DKBA အဖွဲ့ ဦးစီးသယ်ဆောင်လာတဲ့ သမီးလေးရွာသားတွေကို ဒုံသမိချောင်းကူးတံတားမှာ ကရင်ပြည်နယ် နယ်/လုံဝန်ကြီး ဗမက အောင်လွင် အမိန့်နဲ့ တားဆီးပိတ်ဆို့နေတဲ့အချိန်၊ အဲဒီသတင်းကို ကြားတဲ့ ကော့ကရိတ် ကောင်းမှုရွာက ဒီကေဘီအေ ရဲဘော်လေးတယောက်က ..

KNU ဥက္ကဋ္ဌ မကြိုက်လို့ သမီးလေးရွားသားတွေကို တားဆီးရခြင်းဖြစ်ကြောင်း ကရင်ပြည်နယ်ဝန်ကြီး ဦးဇော်မင်း မှ DKBA ဗိုလ်ချု ပ် ကျော်သက် ထံသို့ ဖုန်းဖြင့် ဆက်သွယ်ပြော


3 April 2014 | ဒေါန | နေ့သစ်

ဧပြီလ ၂ ရက်နေ့က DKBA အဖွဲ့ ဦးစီးသယ်ဆောင်လာတဲ့ သမီးလေးရွာသားတွေကို ဒုံသမိချောင်းကူးတံတားမှာ ကရင်ပြည်နယ်အစိုးရအဖွဲ့က တားဆီးနေစဉ်၊ ကရင်ပြည်နယ်ဝန်ကြီး ဦးဇော်မင်း မှ KNU ဥက္ကဋ္ဌ က မကြိုက်လို့ တားဆီးရခြင်းဖြစ်ကြောင်း DKBA တပ်ဖွဲ့က ဗိုလ်မှူးကြီး ကျော်သက် ထံကို ဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။

အခြေအနေနဲ့ပတ်သက်ပြီး DKBA တပ်ဖွဲ့က ဗိုလ်ချု ပ် ကျော်သက် ကို မေးမြန်းကြည့်တဲ့အခါမှာ
“ကရင်ပြည်နယ်ဝန်ကြီး ဦးဇော်မင်း ကျနော့်ဆီ ဖုန်းဆက်တယ်။ ဗိုလ်မှူး ဆန်းအောင် သယ်လာတဲ့ သမီးလေးရွာသားတွေကို

Wednesday, March 26, 2014

မင်းအောင်လှိုင်ရဲ့ တပ်မတော်က ဘာတွေဆက်လုပ်နေလဲ

ဗိုလ်ကြီး ဖြိုးသက်ထွန်းရဲ့ ပြောစကားကို အားလုံး သိရှိသင့်ပါတယ်

ကျွန်နော့ နာမည်က ဗိုလ်ကြီး ဖြိုးသက်ထွန်းပါ..မိသားစုက ကနေဒါနိုင်ငံမှာ နေပါတယ်။ ဗိုလ်လောင်းသင်တန်း အပတ်စဉ်(၄၇ )သင်တန်းဆင်းတစ်ယောက်ဖြစ်ကာ တပ်ရင်း(၈၅/၉၉) နဲ့နေပြည်တော် စစ်ရုံးချုပ်တို့မှာ

Wednesday, March 19, 2014

ဝိနယ ပိဋက ပါဠိတော် ဒုတိယပိုင်းလာ သံဃဘေဒ (ဝါ) သံဃာကို သင်းခွဲသောကံ (အပိုင်း ၆)

မုန်ညင်းဖြူ မီးအိမ်ရှင်

“လက်ချောင်းကလေး နှစ်ချောင်း ထောင်ပြတတ်သော ဉာဏ်မျိုးကလေးသာ ရှိသည့် ဣတ္ထိယ ခေါ်  မိန်းမတို့သည် ဤမျှ ခက်ခဲလှသည့် သစ္စာတရားကို ထိုးထွင်းသိမြင်နိုင်ဖို့ရန် မဖြစ်နိုင်” (မာရနတ်မင်း)

“အသိတရားကို မပြတ်ရှာမှီး၍
  စိတ်ကို ကောင်းစွာစောင့်သိသူ အဖို့
  မိန်းမဖြစ်ခြင်းသည်
  ဘာများ အရေးပါပါ သလဲ

  ယောင်္ကျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ်
  ကျင့်ကြံစောင့်စည်းသူသည်

Tuesday, March 11, 2014

UNFC သို့ အိတ်ဖွင့်ပေးစာ

UNFC နှင့် NCCT ခေါင်းဆောင်များခင်ဗျား။ ဆုပ်မိတဲ့ ဓားရိုးကို လက်မလွတ်စေနဲ့ဲ့ဲ့ လို့ ဦးစွာအားပေးလိုပါတယ်။

တိုင်းရင်းသားခေါင်းဆောင်များဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ နိုင်ငံရေးအရ တန်းတူရည်တူ တိုင်ပင်ဆွေးနွေး အပေးအယူ လုပ်ကြပြီး ပင်လုံစာချုပ်နဲ့ ပင်လုံစိတ်ဓာတ်အရ အမျိုးသားများ တန်းတူရည်တူ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ဖို့ အခြေခံအုတ်မြစ်ကို ချမှတ်ပေးနိုင်ခဲ့လို့ အင်္ဂလိပ်ဆီက လွတ်လပ်ရေးကို အမိအရ ဆွတ်ခူးပေးနိုင်ခဲ့တာကြောင့်